Friday, October 8, 2010

“ ဘာကို မြင်ပါသလဲ…”


စီးပွားရေးပညာရှင် တစ်ဦးက

စီးပွားရေးလုပ်ငန်းရှင်များကို ဟောပြောရပါတယ်။


စီးပွားရေးပညာရှင် က

စက္ကူဖြူအကြီးကြီးတစ်ချပ်ကို ယူလိုက်ပါတယ်။

အဲဒီစက္ကူဖြူပေါ်မှာ အမည်းစက် တစ်စက်ရေးပြီး

ရှေ့တန်းတွင် ထိုင်နေသူတစ်ဦးအား

ဘာမြင်သလဲ ”

လို့မေးပါတယ်။


လူတစ်ယောက်က ချက်ချင်းဖြေပါတယ်။ .................... “အမည်းစက်

နောက်တစ်ယောက်ကလည်း................................. အမည်းစက်


ဟောပြောသူစီးပွားရေးပညာရှင်က

လာရောက်နားထောင်သူ အားလုံးကို

ဘာမြင်ပါသလဲ

ဆိုတဲ့ မေးခွန်းကို မေးပါတယ်။


လူတိုင်းက

အမည်းစက်

ကိုသာမြင်တယ်လို့ ဖြေကြပါတယ်။


စီးပွားရေးပညာရှင်က အေးအေးသာသာ လေးလေးနက်နက်ထားပြီး

ပြောလိုတဲ့အချက်ကို မီးမောင်းထိုးပြပါတယ်။


ဒီမှာတက်ရောက်လာသူတိုင်း တွေ့မြင်တဲ့အမည်းစက်ငယ်ငယ်လေးရှိပါတယ်။

အားလုံးက မမှားပါဘူး။

ဒါပေမယ့် တက်ရောက်လာသူတိုင်း

စက္ကူဖြူ အချပ်ကြီးကိုတော့ တစ်ယောက်မှ မပြောကြဘူး။


စီးပွားရေးဆိုတာ

မြင်ပေမယ့် သတိမထားမိတဲ့ အချက်ကို

လုပ်တတ်ဖို့ပါပဲ။


လို့ ပြောလိုက်ပါတယ်။

No comments:

Post a Comment