Friday, October 8, 2010

“ ပိုတဲ့အချိန်ကို ဘာသုံးသလဲ....”




နိုင်ငံခြားသား သံတမန် တစ်ဦးဟာ
သူရဲ့ကားအသစ်ကို ဘယ်လောက်မြန်မြန်မောင်းနိုင်သလဲ
ဆိုတာကို ကြွားချင်တာနဲ့
သူရဲ့ မာစီးဒီးကားကိုအမြန်ဆုံးနှုန်းနဲ့မောင်းလာကြောင်း
ဧည့်ခံပွဲမှာ ထုတ်ဖေါ်ပြောလိုက်ပါတယ်။

“ ကျနော်ရဲ့မာစီးဒီးကားကို
အမြန်မောင်းလာတဲ့အတွက် နာရီဝက် စောပြီး ဒီကိုရောက်လာတယ်။ ”

လို့ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ
ဧည့်ခံပွဲကို ရောက်လာတဲ့ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးက
မေးခွန်းတစ်ခုကိုမေးလိုက်ပါတယ်။

“ ခင်ဗျား ... အခုပိုထွက်လာတဲ့ နာရီဝက်ကို ဘယ်လို အသုံးချမှာလဲ ”

လို့မေးလိုက်တဲ့အခါ
ကြွားဝါတဲ့သံတမန်မှာ
ဘာပြန်ပြောမှန်းမသိဖြစ်သွားခဲ့ပါတယ်။


အခုခေတ်မှာ
ကားဟာ မရှိမဖြစ်ရှိရမယ့် အရာဝတ္တုတစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်နည်းပြောရရင်
လူတွေရဲ့ ဖိနပ်ဖြစ်လာခဲ့ပါပြီ။
ဒီအရာတွေကြောင့် အချိန်တွေအများကြီးပိုထွက်လာပါတယ်။

အဲဒီအချိန်တွေကို
ဘယ်လိုအသုံးချသလဲဆိုတာကတော့
လူ့တန်ဖိုးဖြစ်လာပါပြီ။

ကြွားဝါခြင်းဖြင့်အချိန်မဖြုန်းသင့်ကြောင်း ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေပါတယ်။

No comments:

Post a Comment