Tuesday, October 5, 2010

“ ငါဟာ ဘယ်သူလဲ….? ”



ငါဟာ ကြီးမားတဲ့ အဓိပ္ပာယ်ရှိတဲ့ သေးမွှားတဲ့ အရာဖြစ်ပါတယ်။

ငါဟာ လူတိုင်းကို ကူညီပါတယ်။

ငါဟာ တံခါးကို ဖွင့်တယ်။

နှလုံးသားကို ဖွင့်ပါတယ်။

ဘက်လိုက်မှုများကို ပပျောက်စေပါတယ်။

ငါဟာ မိတ်ဆွေဖွဲ့ပြီး စိတ်ကောင်းမွေးပါတယ်။

ငါဟာ ချီးကျူးလေးစားထိုက်အောင် ကျင့်ကြံနေထိုင်ပါတယ်။

ငါဟာ ဥပဒေကို မချိုးဖောက်ပါ။

ငါ့အတွက် ဘာမှ အကုန်အကျ မရှိပါ။

အများက ငါ့ကို ချီးကျူးပါတယ်။

ဘယ်သူကမှ ငါ့ကို မပစ်ပယ်ပါ။

နိမ့်မြင့်မဟူ၊ အားလုံးက ငါ့ကို ကြည်ဖြူကြပါတယ်။

ငါဟာ အချိန်တိုင်းတွင် အသုံးကျပါတယ်။

ငါဟာ ဘယ်သူလဲသိတယ်မဟုတ်လား။


ငါဟာ

ယဉ်ကျေးသိမ်မွေ့ခြင်း

ပင်ဖြစ်ပါတယ်းးးးးးးး

No comments:

Post a Comment