Wednesday, October 6, 2010

“ တီထွင် ဖန်တီးပါ...”



၁၉၂၈-ခုနှစ်တွင် ဗြိတိသျှလူမျိုး ဘက်တီးရီးယားပညာရှင်

ဆာ၊ အလက်ဇန္ဒား ဖလင်းမင်း ဟာ

တုတ်ကွေးရောဂါသုတေသနလုပ်ငန်းတွင်

စူးစူးစိုက်စိုက်အလုပ် လုပ်နေပါတယ်။


သူစမ်းသပ်နေတဲ့ နေရာတွင် လုပ်ရင်းကိုင်ရင်း

ကွက်လပ်နေရာတစ်ခုဖြစ်နေတာကို အံ့သြစွာ တွေ့ရပါတယ်။


အဲဒီနေရာဟာ ဘက်တီးရီးယားရောဂါပိုးတွေ ကင်းနေတဲ့နေရာဖြစ်နေပါတယ်။

အဲဒီလေ့လာတွေ့ရှိချက်ဟာ အစွမ်းထက်တဲ့ ပင်နီစလင်ဆေးကို တွေ့ရှိစေပြီး

အဲဒီတွေ့ရှိချက်ကြောင့် နိုဗယ်ဆုကိုရရှိစေခဲ့ပါတယ်။

အရေးကြီးတဲ့ ရုတ်တရက်မြင်လိုက်မှုတို့ဟာ

သွားရင်းလာရင်း ခရီးသွားဟန်လွှဲ မမျှော်လင့်ဘဲ ကြုံရတဲ့ဖြစ်ရပ်များဖြစ်ခဲ့ပါတယ်။


Ø တီထွင်ဖန်တီးမှု ဖြစ်ပေါ်ဖို့အတွက် အလေးအနက် သတိထားနေမှု၊


Ø စူးစမ်းလေ့လာမှု၊


Ø ဆန်းသစ်တဲ့ အယူအဆများကို ပွင့်လင်းစွာကြည့်မြင်တတ်မှု၊


Ø စိတ်ကူးအတွေ့အကြုံများ ကစဥ့်ကလျား အတည်မဲ့ဖြစ်တာကို သည်းခံနိုင်မှု၊


Ø ပျော်ပျော်နေတတ်မှု၊


Ø ဆုံးရှုံးပျက်စီးရမှု များအပေါ် ရယ်နိုင်မှု၊

စတဲ့ အရည်အသွေးများလိုအပ်ပါတယ်။


တီထွင်ဖန်တီးမှုကို အဟန့်အတားဖြစ်စေတဲ့ အကြောင်းတရားများမှာ……


v အားလုံးကို စည်းစနစ်အလွန်ကျမှ ကျေနပ်မှု၊


v ပျော်ပျော်ပါးပါး ကစားခြင်းကို စိတ်မပါမှု၊


v အရင်းအနှီးများ ဆုံးရှုံးရမှာကို အလွန်အမင်း ကြောက်တတ်မှု၊


v ဘေးအန္တရာယ်ကို ရင်ဆိုင်ဖို့ ကြောက်ရွံ့မှု၊


v အလွန် တိကျ သေချာစေလိုတဲ့ စိတ်များလွန်းမှု၊

တို့ပင်ဖြစ်ပါတယ်။

No comments:

Post a Comment