Friday, October 8, 2010

“ အလှပြင်ဆရာမလေး ကြိုင်ခူသို့ ...”




*စိမ်းပြာဝါနီဆေးတွေသီလှဲ
ကေသာအလိုက် ပုံစံကိုက်ပြီး
ခေတ်ပေါ်ဆံထုံး သူချယ်မှုံးသည်
ရွှင်ပြုံးအားရကျေနပ်ကြတဲ့
ဦးခေါင်းပေါ်က အလှတရားများ.။ ။

*မိတ်ကပ် အထူအပါးတွေနဲ့
မေကညာပါးပြင်များကိုလ
မြင်သူတကာ အာရုံမှားစေဖို့
ကျွမ်းကျင်စွာ ပုံဖေါ်ထာတဲ့
မျက်နှာပေါ်က အလှတရားများ။ ။

*အလှဖန်တီးတတ်တဲ့ မင်းပညာ
သြချလောက်တာ
ထုံမွန်းကာပြင်လို့ ထား
ရွှေရုပ်လွှာအသွင်လား
ရေပန်းစားတဲ့
မိန်းခလေးတွေကြားကပြောသံများ။ ။

*စေတနာ အလယ်ပွတွေနဲ့
လူတကာအချိန်မှီလှစေဖို့
အာရုံမလာခင်
အကြိမ်ကြိမ်ထရတာကြောင့်
အဆီပြန် မျက်နှာကလေးကိုမှ
သနပ်ခါးရေကြဲလေး မပွတ်အား။ ။

........................................................................

စိမ်းထိုက်လူ.....(မော်ကျွန်း)
(03/22/08)......................

No comments:

Post a Comment