Monday, October 11, 2010

“ အကင်းပါးလိုက်တာ...”




ကျနော်သိတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။
သူမရဲ့နာမည်က ခင်လေးနွယ် ဂွမ်းပုံ ပါ။
မင်္ဂလာ ဧည့်ခံပွဲ တစ်ခုမှာပေါ့။
စကားပြောကြရင်း

သူမက

` ကျမအသက် ဘယ်လောက်ရှိပြီ ထင်လဲ၊
ခန့်မှန်းကြည့်စမ်းပါ ´

တဲ့။

လူမှုရေးအရ ကျနော်က

`မခန့်မှန်းတတ်ပါဘူးဗျာ´

လို့ ပြန်ပြောလိုက်တော့

သူမက

` ကျမ အရိပ်ပြ စကားပြောလိုက်မယ်၊
ကျမ ရဲ့သမီးဟာ မူကြိုကျောင်းကို သွားနေတယ်ရှင့် ´

တဲ့။

အဲဒီတော့ ကျနော်အနားမှာရှိနေတဲ့
အသိမိတ်ဆွေ ကိုလှအေးက
ပြန်မေးလိုက်ပါတယ်။

` ဘာလဲ...ခင်ဗျားရဲ့သမီးက
မူကြိုကျောင်းရဲ့ ကျောင်းအုပ်လား ´

တဲ့ဗျာ။

No comments:

Post a Comment