Thursday, October 7, 2010

“ တစ်ခုပဲ ရွေးပါ...”




အာဏာလိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

ကျော်ကြားမှု လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

အပျော်အပါ်း လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

ငွေကြေးဥစ္စာ လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

စိတ်ချမ်းသာမှုကို
တကယ်ပြတ်ပြတ်သားသား ရွေးရင်
ကျန်တာတွေလည်း ရနိုင်သလောက် ရမှာပဲ။

စိတ်ချမ်းသာမှုကို ရပြီးမှ
တခြားဟာတွေ ရတယ်ဆိုရင်ကောင်းပါတယ်။

စိတ်ချမ်းမှုကို ဆုံးရှုံးပြီးမှ
တခြားဟာတွေရတယ်ဆိုရင်
ဘာအဓိပ္ပါယ် ရှိတော့မလဲ။

ဆရာတော် ဦးဇောတိက
(စိတ်ချမ်းသာမှုဟာဘဝနေနည်းပါ စာအုပ်မှ.......)

No comments:

Post a Comment