Thursday, October 7, 2010

“ ရောဂါ အမျိုးအမည်...”



လူနာက ဆရာဝန်ကို မေတ္တာရပ်ခံပါတယ်။

ဆရာခင်ဗျား ကျနော်ကျန်းမာရေးနဲ့ပတ်သက်ပြီး

တစ်ခုခုဖြစ်တယ်ဆိုရင် ကျနော်နားမလည်တဲ့ ဆေးပညာရပ်ဆိုင်ရာ

သိပ္ပံနာမည်ရှည်ကြီးတွေ မပြောပါနဲ့။

ကျနော်နားလည်အောင် ရိုးရိုးလူပြိန်းစကားနဲ့ပြောပေးပါခင်ဗျာ


ဆရာဝန်က အနည်းငယ်စဉ်းစားပြီး

ကောင်းပါပြီ

လို့ပြန်ပြောလိုက်ပါတယ်။

လူနာကို သေသေချာချာ စမ်းသပ်ပြီးနောက် ဆရာဝန်က

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့

ခင်ဗျားမှာ ထူးထူးခြားခြား ဘာရောဂါမှ မရှိပါဘူး။

အပျင်းထူတာ သက်သက်ပါပဲ

လို့ လူပြိန်းနားလည်တဲ့ စကားနဲ့ ပြောလိုက်ပါတယ်။

လူနာက

ဟာ ….ကျေးဇူးတင်လိုက်တာ ဆရာရယ်။

ဒါက ကျနော်အတွက်ပေါ့လေ။

ဒါပေမယ့် ကျနော့်မိသားစုကို ပြန်ပြောပြဖို့

ဆေးပညာရပ်ဆိုင်ရာ သိပ္ပံနာမည်ရှည်ကြီးတွေကို

ပြောပါဦးဆရာရယ်

လို့ လူနာက ထပ်မံတောင်းဆိုလိုက်ပါတယ်။

No comments:

Post a Comment