Saturday, January 9, 2010

“ လွတ်အောင်သာ ပြေးဟေ့!...”




တစ်ခါတုန်းက တောထဲတွင် ဖြစ်တယ်။
ယုန်တစ်ကောင်ဟာ အော်ဟစ်ပြီးပြေးလာတယ်။

“ လွတ်အောင် ပြေးကြဟေ့၊
လွတ်အောင် ပြေးကြ”

မြေခွေးက လှမ်းမေးလိုက်ပါတယ်။

“ ဘာဖြစ်လို့လဲကွ”

ယုန်က
“ တိရစ္ဆာန်ဆရာဝန်တွေ ရောက်လာလို့၊
ဝှေးစေ့ သုံးလုံးရှိတဲ့ သူဆီက တစ်လုံးကို လိုက်ဖြတ်နေတယ်။”

မြေခွေးက
“ဒါပေမယ့် ငါ့မှာ နှစ်လုံးတည်းရှိတာပဲ”

ယုန်က
“သူတို့က အရင်ဖြတ်တယ်။
ပြီးတော့မှ ဘယ်နှစ်လုံး ရှိသလဲ ဆိုတာကိုရေတွက်တယ်။”
လို့ပြန်ပြောလိုက်ပါတယ်။

No comments:

Post a Comment