Wednesday, December 9, 2009

“ လက်ဆောင်ပေးရင် သုံးရတယ်…”




မွန်ပြည်နယ်က တောမြို့တစ်ခုမှာ

ဘကြီးရွှေ နဲ့ကြီးမေဒေါ်ကြိုင်တို့လင်မယားနှစ်ယောက်စကားပြောနေကြတယ်။


“မကြိုင်…မနက်ဖြန် မင်းမွေးနေ့မှာ ငါ ဘာလက်ဆောင်ပေးရမလဲ ပြော”

“ သင်္ချိုင်းမှာ ကျမအတွက် မြေတစ်နေရာ ဝယ်ထားပေးပါတော်”


နောက် တစ်နှစ်ကြာသောအခါ ကြီးမေ ဒေါ်ကြိုင်က ဘကြီးရွှေကို ပြောတာက

“ကိုရွှေ မနက်ဖြန် ကျမမွေးနေ့၊ အဲဒါ ဘာလက်ဆောင် ပေးမလဲပြော”


“ဘာမှ မပေးဘူး၊

မနှစ်က ငါပေးထားတဲ့ မွေးနေ့လက်ဆောင်ကို တောင်

မင်းအခုထိ အသုံးမပြုရသေးဘူး”

No comments:

Post a Comment