Wednesday, April 11, 2012

"မပူစမ်းပါနဲ့ မိန်းမရာ..."


တစ်ခါတုန်းက

လင်မချန်ကျေးရွာမှာနေတဲ့

ဒေါက်တာခင်မောင်ဝင်းဟာ

သူရဲ့မော်တော်ကားကို ခွင့်ပြုမိုင် (၃၅) မိုင်နှုန်းထက် ပိုပြီး မောင်းလာတယ်။

“ဖြေးဖြေးမောင်းစမ်းပါတော်၊

လမ်းပြပုလိပ်မြင်သွားရင် ရှင်ဒဏ်ရိုက်ခံနေရမယ်”

လို့ ဇနီးဖြစ်သူ

မဆွေဆွေက လှမ်းသတိပေးလိုက်ပါတယ်။

ဒေါက်တာခင်မောင်ဝင်းပြန်ပြောလိုက်တာက…

“စိတ်မပူစမ်းပါနဲ့ကွာ၊

အဲဒီလမ်းပြပုလိပ်ကို ဆေးခန်းလာလို့

ဆေးတစ်လုံးထိုးပေးပြီး တစ်နေ့လုံး

အိပ်ရာက မထနဲ့လို့ ငါမှာထားခဲ့ပါတယ်”