Tuesday, November 8, 2011

“ တီထွင်မှုရဲ့ မိခင်…”




Necessity is the mother of invention.
(လိုအပ်ချက် ဟာ တီထွင်မှုရဲ့ မိခင် )




***************************



တယ်လီဖုန်းကို ၁၈၇၆ ခုနှစ်က
အလက်ဇန္ဒားဂရေဟမ်ဘဲလ် (Alexander Graham Bell )စတင် တီထွင်ခဲ့တယ်။
ဒါပေမယ့် နှစ်ပေါင်း တစ်ရာ့အစိတ်ကြာမြင့်တဲ့တိုင်အောင်
တယ်လီဖုန်းကို ဆန်းသစ်တီထွင်ဆဲပင်ရှိသေးတယ်။
ယ္ခုတိုင်လည်း ဆန်းသစ်တီထွင်ဆဲပင်။
ပညာရှင်တွေ ငွေအား၊ ဉာဏ်အားသုံးကာ
အကြိတ်အနယ် အပြိုင်အဆိုင် ကြိုးစားနေဆဲရှိပါသေးတယ်။




***************************



ကြွက်ထောင်ချောက်တစ်ခုသာ
ခင်ဗျားအိမ်နီးချင်းထက် ပိုကောင်းအောင်လုပ်ပါ။
တောကြီးမျက်မည်းထဲနေရင်တောင်
တစ်ကမ္ဘာလုံးက လူတွေ ခင်ဗျားအိမ်ဆီ
လမ်းဖြိုင်ဖြိုင်ပေါက်အောင်ရောက်လာကြလိမ့်မယ် ”

[ ၁၉ရာစု၊ အမေရိကန် တွေးခေါ်ရှင်
အီမာဆင် (Ralph Waldo Emerson )ရဲ့စကားတစ်ခွန်း]



***************************



လူမှာရှိတဲ့ စိတ်ခံစားချက်တွေထဲမှာ
ကြောက်စိတ်လောက်
လူကို အားအင် ဆုတ်ဆိုင်းယုတ်လျှော့သွားစေတဲ့အရာ မရှိပါ။




***************************



“ ရဲရဲတင်းတင်းသာ လုပ်ပါ။
ကြီးမားတဲ့အင်အားတွေ ဝိုင်းဝန်းကူညီလာပါလိမ့်မယ် ”

[ ဘက်ဆီလ် ကင်း (Basil King ) ]



***************************

" နိုးသွားမှာ စိုးလို့ပါကွယ်..."



တစ်ခါတုန်းက

လူငယ်စာရေးဆရာတစ်ယောက်ဟာ

စာပေဟောပြောပွဲ အတွေ့အကြုံမရှိတဲ့အတွက်

ပြင်သစ် စာရေးဆရာကြီး ထရက်ဆင် ဘားနတ်ဆိုသူကို ဆရာတင်ပြီးမေးမြန်းနေတယ်။

“ဆရာကြီး ခင်ဗျား၊

မိမိဟောပြောနေတာတွေကို နောက်ဆုံးမှာ ဘယ်လိုနိဂုံးချုပ်ရပါသလဲခင်ဗျာ”

ဘားနတ်က

“လွယ်ပါတယ်ကွာ၊

နိဂုံးချုပ်တော့မယ်ဆိုရင် မင်းရဲ့စာရွက်စာတမ်းတွေကို

အသာအယာ အရင်ကောက်ယူလိုက်ပါ။

ပြီးတော့ ပရိသတ်ကို ဦးညွတ် နှုတ်ဆက်ပြီး

အသာကလေး အသံမကြားအောင်ခြေဖျားထောက်ပြီး

အခန်းထဲက ထွက်သွားပေတော့”

“ဘာဖြစ်လို့ ခြေဖျားထောက်ပြီးထွက်သွားရမှာလဲခင်ဗျာ”


ဘားနတ်ပြန်ဖြေလိုက်တာက...

“ အိပ်ပျော်နေတဲ့ ပရိသတ်တွေ နိုးသွားမှာ စိုးလို့ပေါ့ကွာ”