Saturday, February 12, 2011

“ ရင်ခုန်သံနည်းနည်းမြန်တယ်…”


အဖေဖြစ်သူကိုလှမြင့်ဟာ

၁၇-နှစ်အရွယ်

သမီးငယ် ဘေဘီ

ကို ဘေးတွင်ထိုင်စေကာ

ကားမောင်းလာတယ်။


တစ်နေရာမှာ ဂျင်းဘောင်ဘီဝတ်

ဆံပင်ရှည်ရှည်လူတစ်ယောက်ကို

နောက်ဖက်မှ တွေ့တယ်။


အဖေက သမီး ကိုမေးတယ်။

သမီး၊

အခုတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့လူဟာ

ယောက်ျားလေးလား၊

မိန်းကလေးလား


ယောက်ျားလေးပါ ဖေဖေ


သမီး ဘယ်လိုလုပ်သိသလဲ


သမီး ရင်ခုန်သံနည်းနည်းမြန်သွားလို့ပါ ဖေဖေ ”