Friday, February 4, 2011

“လျှို့ဝှက်ချက် မဟုတ်တော့ပါ...”


တစ်ခါတုန်းက

ကရူးရှက်-ငပေါ

ဆိုတဲ့ စာသားကို

စက်ရုံဝင်းထရံတွင် ရေးသူအား ထောင်ဒဏ် ၁၁-နှစ်ချလိုက်တယ်။

နိုင်ငံတော်ပိုင် ပစ္စည်းကို ပျက်စီးယို့ယွင်းစေမှုဖြင့် ထောင်ဒဏ်-၁နှစ်၊

နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်ဒဏ်-၁၀ နှစ်၊

စုစုပေါင်း ၁၁-နှစ်ချမှတ်လိုက်ပါတယ်။


ကရူးရှက် ဗြိတိန်နိုင်ငံသို့ အလည်သွားပြီ ပြန်လာချိန်တွင်

ထောင်သက် တစ်နှစ် ရနေပြီဖြစ်တဲ့အကျဉ်းသားကို

အာဏာပိုင်တို့က လွှတ်ပေးလိုက်ရတယ်။


အကြောင်းရင်းမှာ စာပါအကြောင်းအရာဟာ

လျှို့ဝှက်ချက် မဟုတ်တော့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။