
တောင်ပုလုဆရာတော်ကြီးက
မကြာခဏ ဆုံးမတော်မူတာက...
မွေးလာလို့၊
ဒီဘဝရလို့
ဒီခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာကြီးကို
ကြောင်တောင်မမြင်နိုင်ကြလို့
ဒုက္ခတွေ့နေကြတာ၊
မွေးနေ့ကိုပဲ
အမွှမ်းတင်ပြီး
ပွဲကြီးလမ်းကြီးလုပ်နေကြတာ၊
ငါ မနှစ်မြို့လိုက်တာ ”

တောင်ပုလုဆရာတော်ကြီးက
မကြာခဏ ဆုံးမတော်မူတာက...
မွေးလာလို့၊
ဒီဘဝရလို့
ဒီခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာကြီးကို
ကြောင်တောင်မမြင်နိုင်ကြလို့
ဒုက္ခတွေ့နေကြတာ၊
မွေးနေ့ကိုပဲ
အမွှမ်းတင်ပြီး
ပွဲကြီးလမ်းကြီးလုပ်နေကြတာ၊
ငါ မနှစ်မြို့လိုက်တာ ”

ကောင်းကောင်းဆိုတဲ့လူငယ်လေး
တစ်ယောက်ထဲရှိနေချိန်တွင်
ဖြစ်တယ်။
အပြင်ဘက်တွင်
တစ်ယောက်ယောက်က
“ တံခါး ဖွင့်ပါ ”
“ အိမ်မှာ ဘယ်သူမှ မရှိဘူး ”
“ အခု ဘယ်သူပြောတာလဲ ”
“ ဘယ်သူမှ မပြောဘူး၊
ခင်ဗျား နားကြားလွဲလို့”

ကိုအေးကိုဟာ ဓာတ်ပုံဆရာတစ်ဦးဖြစ်တယ်။
သူ့ဆိုင်မှာလာရိုက်ထားသော ဓာတ်ပုံကို
ကိုထွန်း ကို
လှမ်းပေးရင်း ပြောတယ်။
“ ရော့၊
ခင်ဗျား ဇနီးရဲ့ဓာတ်ပုံ ”
ကိုထွန်းက
“ အမြန်ရိုက်ထားတယ် ထင်တယ် ”
ကိုအေးကို ကပြန်မေးတယ်။
“ ဘာဖြစ်လို့ ခင်ဗျား ဒီလိုထင်ရတာလဲ ”
ကိုထွန်းပြောလိုက်တာက...
“ သူ့ပါးစပ်ပိတ်ထားလို့ ”

မားသားဝေါလက်ဖက်ရည်ဆိုင်မှာ
သူငယ်ချင်း နှစ်ဦးဖြစ်ကြတဲ့
ကိုအောင်ဟိန်းက ကိုအေးကို
ကို ပြောပြနေတယ်။
“ယောက်ျားသေပြီးနောက် တစ်ရက်အတွင်းမှာ တစ်ခေါင်းလုံး
ဆံပင်ဖြူသွားတဲ့ အမျိုးသမီးတစ်ယောက်ကို
တွေ့ဖူးတယ် ”
ကိုအေးကိုက
“ ဒါ ဘာဟုတ်သေးလဲ၊
ကျနော် တွေ့ဖူးတဲ့အမျိုးသမီးတစ်ယောက်ဆို
ယောက်ျားသေပြီး နောက်တစ်နေ့မှာတင်
တစ်ခေါင်းလုံး ဖြူနေရာက ရွှေရောင်ဆံပင်နဲ့
ချစ်စရာလေး ဖြစ်သွားတယ်ဗျ ”

မိန်းမဖြစ်သူ မအေးအေးပြုံးက
“ မနက်ဖြန်
ကျမ အသက်သုံးဆယ်ပြည့်မွေးနေ့
ကျင်းပမယ် ”
ယောက်ျားဖြစ်သူ ကိုသိန်းလွင် က
“ အင်း၊
ကျင်းပသင့်နေတာ ကြာပြီ ”