Thursday, November 11, 2010

“ ရေရောနို့…”



ခင်ဗျား မွေးထားတဲ့ နွားမဆီက

တစ်နေ့ကို တစ်နေ့ကို နို့ဘယ်လောက်ရသလဲ

ဆယ်လီတာပါ

ရောင်းတော့ကော…”

ရောင်းတော့လည်း ဆယ်လီတာပဲ ရောင်းတယ်။


ဒီထက် ပိုမရောင်းနိုင်ဘူးဗျ

အိမ်က ကလေးတွေ သောက်ဖို့

- လီတာလောက်ချန်ထားရသေးတယ်လေ။

“ ဝေဖန်ရေးသမား…”



ကြက်ဖတစ်ကောင်ဟာ

ငှက်ကုလားအုပ်ရဲ့ ဥတစ်လုံးကို

ကြက်ခြံထဲ ယူလာပြီး

ကြက်မတွေကို ပြောတယ်။


မင်းတို့ကို ငါ မဝေဖန်ချင်ပါဘူး။

ဒါပေမယ့် သူများတွေ

ဘယ်လို အလုပ်လုပ်တယ်ဆိုတာတော့

ကြည့်ထားကြ